Sunday, July 15, 2012

Hacking အခြေခံ

အခုတစ်လော hacking ခေတ်စားလာလို့ သူငယ်ချင်းတွေ အလိမ်မခံရအောင် အခြေခံသဘောတရား တွေတင်ပေးလိုက်ပါတယ်။
Hacking ဆိုတာ အခြားသူတစ်ယောက်ရဲ့ computer system ထဲကို ၀င်ရောက်ထိုးဖောက်ခြင်းလို့ နားလည်ထားလို့ရပါတယ်။ ဒီနေရာမှာ အပိုင်း (၃) ခုနဲ့ ရှင်းပြပါမယ်။
1.Syetem Hacking
2.Network Hacking
3.Internet Hacking<hacking on="" internet=""></hacking>


System Hacking

………………………….
ကိုယ်ဝင်ရောက်ထိုးဖောက်မဲ့ computer မှာသုံးထားတဲ့ Operating System ကို

အသေးစိတ်နားလည်ထားရပါမယ်။အဓိက ကိုယ်ဝင် hack မဲ့ OS ရဲ့ အားနည်းချက်ကို သေချာသိထား ရပါမယ်။

ဥပမာ။ ။ကိုယ်ဝင်ပြီး Hacking လုပ်မဲ့ computer မှာသုံးထားတဲ့ Operating System က Linux ဖြစ်နေ
တယ်ဆိုပါတော့။ Linux OS ရဲ့ အားနည်းချက်တွေကို သေချာသိထားပြီး သေချာရှာတတ်နိုင်ရပါမယ်။
Linux မှာကတော့ ကျွန်တော်တို့သုံးနေတဲ့ Windows OS နဲ့ယှဉ်ရင် အားနည်းချက်ဆိုတာ မရှိသလောက်ပါပဲ။

Windows မှာကတော့ လုံခြုံရေးအားနည်းချက်တွေ တော်တော်လေးများပါတယ်။ Windows 7 ရောက်မှသာ

အရမ်းဆိုးဝါးနေတဲ့ လုံခြုံရေးအားနည်းချက်တွေကို ပြင်ပေးလိုက်တာပါ။ Virus<or> Trojan file တစ်ခုကို start up မှာ မပေါ်အောင် file လမ်းကြောင်းလွှဲပြီးတော့ security center စပြီး run တာနဲ့ သူ့ကို run ဆိုတဲ့</or>
Command မျိုး autoIt လို ဟာမျိုးနဲ့တောင် အလွယ်တစ်ကူရေးလို့ရပါတယ်။ security center ဆိုတာ OS တက်လာတာနဲ့ auto run ပြီးသား။ အဲမှာ trojan က နောက်ကွယ်ကနေ run သွားပါတယ်။ ဒါတွေကို
Windows 7 ရောက်မှ ပြင်လိုက်တာပါ။ User တွေမသုံးတဲ့ နောက်ကွယ်က system ပိုင်းဆိုင်ရာ ပြင်ဆင်မှု တစ်ခုပါပဲ။

Network Hacking

……………………………..
Syetem Hacking ထပ်ပိုပြီး ခက်ခဲပါတယ်။ တစ်ချို့ထင်သလို သူများအလွယ်တစ်ကူ ရေးထားတဲ့ software တစ်ခုခုကိုသုံးပြီး wireless key <wep> ကို mouse click တစ်ချက်နှစ်ချက်နှိပ်ပြီး Hack လို့မရပါဘူး။ Wireless Key Hack တယ်ဆိုတာကလည်း ပထမဦးဆုံးအဆင့်ပါ။ ဒုတိယအဆင့်အနေနဲ့ ကိုယ် Hack မဲ့ Network ထဲဝင်သွားပြီးရင် ဘာဆက်လုပ်မလဲဆိုတာကို သေချာကျွမ်းကျင် ပိုင်နိုင်ဖို့က အဓိကပါ။ကိုယ်ဝင်ပြီး hack မဲ့ Network ထဲမှာ လုံခြုံရေး ပွင့်နေတာတွေကို ရှာရပါမယ်။ မပွင့်နေဘူးဆိုရင်</wep>
ကိုယ့်ဟာကိုယ် တစ်ခြားနည်းလမ်းသုံးပြီး ဖွင့်ရပါမယ်။ ဒါမှ ၀င်ပြီး Hack လို့ရမှာဖြစ်ပါတယ်။ လုံခြုံရေး အားနည်းချက် ရှိနေတဲ့ Network တွေကိုပဲ Hack လို့ရမယ်ဆိုတာ သိထားရမှာဖြစ်ပါတယ်။ လုံခြုံရေး
အားနည်းချက် မရှိတဲ့ Network ကိုဘယ်လိုမှ ၀င်ပြီး Hack လို့မရပါဘူး။
Firewall တွေဟာ မလိုအပ်တဲ့ network access တွေကို ကာပေးထားနိုင်ပါတယ်။
မလိုအပ်တဲ့ port တွေကို ပိတ်ထားလို့ရပါတယ်။ လက်ရှိအင်တာနက်သုံးရင် တွေ့တွေ့နေရတဲ့ http ဆိုတာက port 80 ပါ။ https<secure socket="" layer=""> က port 443 ပါ။ port တွေထဲမှာမှ private port တွေ ခွဲထားတာရှိပါသေးတယ်။ နောက်တစ်ခေါက်မှ port တွေအကြောင်း သေချာရှင်းပြပါမယ်။</secure>
<network device=""></network>
Cisco Network Device တွေကတော့ လက်ရှိ
လုံခြုံရေးအကောင်းဆုံးလို့ တော်တော်များများ လက်ခံထားကြပါတယ်။ Cisco အကြောင်း Google ကနေ နည်းနည်းလောက် လေ့လာထားရုံလောက်နဲ့ သိနိုင်ပါတယ်။
Real Cisco Networking Device တွေကို ပြောတာပါ။ Network Address Translation အတွက်သုံးတဲ့ ၅သောင်းတန် router ကိုပြောတာမဟုတ်ပါဘူး။ (Cisco အကြောင်းလည်း သိပ်မပြောချင်ဘူး။ တစ်ချို့ Hacker အတုအယောင်တွေက
Cisco ဆို အသံကြားတာနဲ့ ပြသနာရှာချင်နေတာ ... :P)

Internet Hacking

……………………………..
Website Hacking ကိုပဲဆိုလိုတာပါ။ ကြားထဲကဖြတ် Hack တာဟာ အပေါ်မှာပြောခဲ့တဲ့ Network Hacking
ထဲမှာပါသွားပါပြီ။နည်းလမ်းတွေကတော့ အမျိုးအစားစုံ ပုံစံအစုံနဲ့ မရိုးနိုင်အောင်ရှိပါတယ်။ Email အကောင့်၊
Forum၊ IM<instant messenger="">၊Social Network<facebook>၊ ဘယ်ဟာပဲဖြစ်ဖြစ် website hacking ထဲမှာပါသွားပါပြီ။</facebook></instant>
Remote File Inclusion, Local File Disclosure, Remote Code Execution, XSS: Cross Site Scripting (X=crossed, S=site, S=scripting), SQL Injection<sql insertion="">,Rooting,Flash Attack,</sql>
စတဲ့ နည်းပေါင်းစုံရှိပါတယ်။ဒီနည်းလမ်းတွေကတော့ User အကောင့်(သို့)အချက်အလက် တွေကို
ခိုးယူဖို့သုံးတဲ့ နည်းလမ်းတွေပါ။
DoS,DdoS ကတော့ website တစ်ခုကို network traffic တွေများလာအောင် လုပ်ပြီး victim network
<or> computer ကို down သွားအောင်လုပ်တာပါ။DoS ကတော့ computer to computer ဖြစ်ပြီးတော့</or>
DdoS ကတော့ computers to computer <botnet or="" zombie="" army="" computer=""></botnet>
ကနေ victim ကို တိုက်ခိုက်တာ>ဖြစ်ပါတယ်။
But ... မည်သို့ပင်ဆိုစေကာမူ လုံခြုံရေးပွင့်နေတဲ့ website တစ်ခုလောက် hack နိုင်တာနဲ့ hacker ဆိုပြီး
ထအော်နေလို့မရပါဘူး။ လုံခြုံရေးတင်းကျပ်တဲ့ website မျိုးကိုလုံခြုံရေးပွင့်သွားအောင် နည်းတစ်မျိုးမဟုတ် တစ်မျိုးနဲ့ ရအောင်
ဖောက်နိုင်မှ တစ်ကယ်ကျွမ်းကျင်တဲ့ Hacker ဖြစ်ပါတယ်။

အင်တာနက်ပေါ်မှာ တစ်နေ့တစ်ခြား Hacker အတုအယောင်တွေ များလာတာ တွေ့နေရပါတယ်။ ပြီးတော့

Hacking ဆိုတာ အင်တာနက်ပေါ်က free<or>ပိုက်ဆံပေးပြီး ရထားတဲ့ software နဲ့ အလွယ်တစ်ကူ</or>
လုပ်လို့ရမယ်ထင်တာတဲ့ လူတွေလည်း တော်တော်တွေ့နေရပါတယ်။ အဲဒါတွေကြားထဲမှာ
အလိမ်မခံရဖို့နဲ့ Hacking အကြောင်းအခြေခံကို နားလည်ဖို့ ဒီ Post ကိုတင်လိုက်ရပါတယ်။
ပြီးတော့ hacker တွေဟာ Social အရမ်းကောင်းတယ်ဆိုတာ တစ်ခုသတိပေးချင်ပါတယ်။
အွန်လိုင်းမှာတင်မဟုတ်ပါ အပြင်မှာပါ Social အရမ်းကျွမ်းကျင်ပြီး လိုအပ်တဲ့အချက် အလက်တွေကို
ရအောင်ယူနိုင်တဲ့ အရည်အချင်းပိုင်ဆိုင်ထားကြပါတယ်။

Hacking ၀ါသနာပါတဲ့ သူငယ်ချင်းတွေအတွက် ကျွန်တော့်အမြင်တစ်ခုကို ပြောပြချင်ပါတယ်။

အဲဒါကတော့ …
ကျွမ်းကျင်တဲ့ Hacker တစ်ယောင်ဖြစ်ဖို့ဆိုတာ အမြဲလေ့လာနေဖို့လိုအပ်ပါတယ်။ ဒါပေမဲ့ …
အောင်မြင်တဲ့ Hacker တစ်ယောက်ဖြစ်ဖို့ ကတော့ လေ့လာနေယုံနဲ့မရပဲ ကိုယ်ကျွမ်းကျင်ထားတာတွေကို လိမ်မာပါးနပ်စွာနဲ့ ပေါင်းစပ်အသုံးချနိုင်မှဖြစ်မှာပါ။

facebook ကနေ ကူးယူဖော်ပြတာပါ။

0 ♥♥ပြောကြားချက်♥♥:

Post a Comment

••••လိုတာယူကြဗျာ••••

AIM Icon MSN Icon Yahoo Icon Google Talk Icon Twitter Icon Facebook Chat Icon Jabber Icon Bonjour Icon IRC Icon ICQ Icon MobileMe Icon MySpace IM Icon LJ Talk Icon StatusNet IconLotus Sametime Icon Gadu-Gadu Icon